ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်

ကရင်ပြည်နယ် အစိုးရအဖွဲ့

Kayin State Government

Status Published: Aug 22 Posted Under:

ဘားအံ - ဩဂုတ် (၂၂) ကရင်ပြည်နယ်၊ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA မှ ကြီးမှူး၍ နှစ်(၆၀)မြောက် နိုင်ငံတော်ဘာသာနေ့ အထိမ်းအမှတ်အနေဖြင့် ဝါခေါင်လပြည့် ဩဂုတ်လ ၂၂ ရက်နေ့ နံနက် ၁၀ နာရီခန့်က ဘားအံမြို့၊ အမှတ်(၃)ရပ်ကွက်၊ မဲဘောင်ကျောင်းတိုက်ရှိ ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်၍ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ် လှူဒါန်းခဲ့ကြသည်။ ရှေးဦးစွာ နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ပြီး ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့် ဧည့်ပရိတ်သတ်အပေါင်းတို့မှ လမင်းကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တကေသရိန္ဒ ထံမှ ကိုးပါးသီလခံယူဆောက်တည်ကြကာ ဆရာတော်၊သံဃာတော်များ ရွတ်ပွားချီးမြှင့်တော်မူသည့် မေတ္တာသုတ်ပရိတ် တရားတော်များကို နာယူကြည်ညိုကြသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီးဦးဇော်ဝင်း၊ ပြည်နယ်ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်း ဒုတိယဥက္ကဋ္ဌနှင့်အတွင်းရေးမှူးတို့က အလှူတော်ငွေ သိန်း(၃၀)ကျပ်နှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ၊ သင်္ကန်းနှင့် နဝကမ္မအလှူတော်ငွေများနှင့် ဝါတွင်းကာလ ဆရာတော်၊ သံဃာ တော်များ ဆွမ်းကိစ္စခက်ခဲကြောင့်ကြမှုမရှိစေရေး ဆွမ်းဆန်တော်နှင့် အဟာဖြည့်စွက်စာကြက်ဥများကို ဆက်ကပ်လှူုဒါန်း ခဲ့ကြသည်။ ယင်းနောက် လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြပြီး ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု သုံးကြိမ် ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းကာ ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ ကြသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် စေတနာရှင်အလှူရှင်များ ထည့်ဝင်လှူဒါန်းငွေဖြင့် မှာယူထားသော တစ်ရက်လျှင် ၄၀ လီတာ ဆလင်ဒါအိုး အလုံး ၆၀ ကျော် ထုတ်လုပ်နိုင်သည့် Mobile Oxygen Plant (ရွေ့လျားအောက်စီဂျင်စက်) တစ်လုံး အသစ်ထပ်မံရောက်ရှိမှုအား သွားရောက်ကြည့်ရှု့စစ်ဆေးခဲ့ပြီး အမှန်တကယ် အောက်စီဂျင်လိုအပ်သော မြို့နယ်၊ရပ်ကွက်/ကျေးရွာများသို့ ရွေ့လျားဖြန့်ဖြူးပေးနိုင်ရေးနှင့် လိုအပ်သည်များအား လမ်းညွှန်မှာကြားခဲ့သည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် ဘားအံတက္ကသိုလ် ပတ္တမြားနယ်မြေတွင် ဘားအံပညာရိပ်သာ အိမ်ရာစီမံကိန်း ဆောင်ရွက်မည့်မြေနေရာအား အတည်ပြုပေးနိုင်ရေးကွင်းဆင်းကြည့်ရှု့ခဲ့ရာ ဘားအံတက္ကသိုလ်ပါမောက္ခချုပ်ဒေါက်တာ စိုးစိုးအေးနှင့်တာဝန်ရှိသူများက စီမံကိန်းမြေနေရာနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က စီမံချက်ရေးဆွဲတင်ပြရန် လမ်းညွှန်မှာကြားသည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်သည် ဘားအံတက္ကသိုလ်ပတ္တမြားနယ်မြေ၌ လေးထပ်ကျောင်းသူဆောင် တည်ဆောက်နေမှုအား ကြည့်ရှု့စစ်ဆေးပြီး သတ်မှတ်စံချိန်စံနှုန်းများနှင့်အညီ အချိန်မီပြီးစီးနိုင်ရေးနှင့် မိုးရာသီတွင် ရေတင်ကျန်ခြင်းမရှိစေရန် ရေထုတ်စနစ်များကို စနစ်တကျဆောင်ရွက်ပေးရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

PREVIOUS POST