ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်

ကရင်ပြည်နယ် အစိုးရအဖွဲ့

Kayin State Government

Status Published: Apr 24 Posted Under:

ကရင်ပြည်နယ်အတွင်း ၂၀၂၃ ခုနှစ် စက်တင်ဘာလမှ ၂၀၂၄ ခုနှစ် ဧပြီလထိ သဘာဝဘေး ၂၈ ကြိမ်ဖြစ်ပွားခဲ့

ဘားအံ - ဧပြီ (၂၄) ကရင်ပြည်နယ်အတွင်း ၂၀၂၃ ခုနှစ် စက်တင်ဘာလမှ ၂၀၂၄ ခုနှစ် ဧပြီလထိ သဘာဝဘေး ၂၈ ကြိမ် ဖြစ်ပွားခဲ့ပြီး အိမ်ထောင်စု ၁၂၄၈ စုအတွက် ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနမှ စုစုပေါင်း ငွေကျပ် ၁၄၂၉၇၉၀ဝိ/-(တစ်ရာလေးဆယ်နှစ်သိန်းကိုးသောင်းခုနှစ်ထောင်ကိုးရာကျပ်)ကို ထောက်ပံ့ပေးခဲ့ကြောင်း ဧပြီလ ၂၃ ရက်နေ့ မွန်းလွဲ ၂ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပသည့် ပြည်နယ်သဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့နှင့် လုပ်ငန်းအဖွဲ့(၁၂)ဖွဲ့တို့၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးမှ သိရသည်။

Status Published: Apr 23 Posted Under:

ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး ဘားအံမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး ဘားအံမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

Status Published: Apr 20 Posted Under:

ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး တောင်ကလေးပရိယတ္တိ၊ပဋိပတ္တိသာသနာ့အေးရိပ်သာနာယကချုပ်၊နိုင်ငံ တော်ဗဟိုသံဃာ့ဝန်ဆောင်၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တပညာသာမိ(တောမှီရဟန်း)အရှင်သူမြတ် အား သွားရောက်ဖူးမြော်ကြည်ညို

ဘားအံ - ဧပြီ (၂၀) ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးသည် ပြည်နယ်တရားလွှတ်တော်တရားသူကြီး ချုပ်ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့်အတူ ဧပြီလ ၁၉ ရက်နေ့ မွန်းလွဲ ၅ နာရီက ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ တောင်ကလေးပရိယတ္တိ၊ပဋိပတ္တိသာသနာ့အေးရိပ်သာနာယကချုပ်၊ နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင်၊ အဂ္ဂမဟာကမ္မဋ္ဌာနစရိယ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ သီရိပျံချီဒေါက်တာဘဒ္ဒန္တ ပညာသာမိ (တောမှီရဟန်း)အရှင်သူမြတ်အား သွားရောက်ဖူးမြော်ကြည်ညို၍ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်း ခဲ့ကြသည်။

Status Published: Apr 19 Posted Under:

မြန်မာနှစ်ဆန်းတစ်ရက်နေ့ သက်ကြီးပူဇော်ပွဲနှင့် ဇီဝိတဒါနငါးလွှတ်ပွဲကျင်းပ

မြန်မာနှစ်ဆန်းတစ်ရက်နေ့ သက်ကြီးပူဇော်ပွဲနှင့် ဇီဝိတဒါနငါးလွှတ်ပွဲကျင်းပ ဘားအံ ဧပြီ ၁၈ မြန်မာ့ရိုးရာယဉ်ကျေးမှုထုံးတမ်းအစဉ်အလာတစ်ရပ်ဖြစ်သော နှစ်သစ်မင်္ဂလာမြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် သီလ၊ သမာဓိဂုဏ်နှင့်အသက်အရွယ်ရလာကြသော အဘိုးအဘွားများအား ပူဇော်ကန်တော့ခြင်းကို နှစ်စဉ်ကျင်းပပြု လုပ်ခဲ့ရာ မြန်မာသက္ကရာဇ် ၁၈၃၆ ခုနှစ် မြန်မာနှစ်ဆန်း(၁)ရက်နေ့ သက်ကြီးပူဇော်ပွဲမင်္ဂလာအခမ်းအနားကို ဧပြီလ ၁၇ ရက် နေ့ နံနက် ၈ နာရီက ကရင်ပြည်နယ်အစိုးရအဖွဲ့မှကြီးမှူး၍ ဘားအံမြို့ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။

Status Published: Apr 17 Posted Under:

မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် ယိမ်းအကနှင့်တပင်တိုင်အကပြိုင်ပွဲဆုချီးမြှင့် ဘားအံမြို့ မဟာသင်္ကြန်ပွဲတော်အား ပိတ်သိမ်း

ဘားအံ - ဧပြီ (၁၇) မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် ယိမ်းအကနှင့်တပင်တိုင်အကပြိုင်ပွဲ ဆုချီးမြှင့်ပွဲနှင့် ဘားအံမြို့ဗဟိုမဏ္ဍပ်ပိတ်ပွဲအခမ်းအနားကို ဧပြီလ ၁၆ ရက်နေ့ မဟာသင်္ကြန်အတတ်နေ့ ညနေပိုင်းက ဘားအံမြို့၊ သီရိကွင်းရှိ ဗဟိုမဏ္ဍပ်၌ ကျင်းပသည်။

Pages