မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် ယိမ်းအကနှင့်တပင်တိုင်အကပြိုင်ပွဲဆုချီးမြှင့် ဘားအံမြို့ မဟာသင်္ကြန်ပွဲတော်အား ပိတ်သိမ်း
ဘားအံ - ဧပြီ (၁၇)
မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် ယိမ်းအကနှင့်တပင်တိုင်အကပြိုင်ပွဲ ဆုချီးမြှင့်ပွဲနှင့် ဘားအံမြို့ဗဟိုမဏ္ဍပ်ပိတ်ပွဲအခမ်းအနားကို ဧပြီလ ၁၆ ရက်နေ့ မဟာသင်္ကြန်အတတ်နေ့ ညနေပိုင်းက ဘားအံမြို့၊ သီရိကွင်းရှိ ဗဟိုမဏ္ဍပ်၌ ကျင်းပသည်။