ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်

ကရင်ပြည်နယ် အစိုးရအဖွဲ့

Kayin State Government

Status Published: Nov 16 Posted Under:

ဘားအံ - နိုဝင်ဘာ (၁၆) ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီးဦးစန်းကို၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းများ တွေ့ဆုံသည့်အခမ်းအနားကို နိုဝင်ဘာလ ၁၅ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်က ဘားအံမြို့၊ တိုင်းရင်းသားရေးရာဝန်ကြီးဌာန၊ ကရင်ပြည်နယ်ညွှန်ကြား ရေးမှူးရုံးခန်းမ၌ ကျင်းပသည်။ အခမ်းအနားတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီးဦးစန်းကိုက ကရင်ပြည်နယ်အစိုးရ အဖွဲ့အနေဖြင့် ပြည်နယ်အတွင်းမှီတင်းနေထိုင်ကြသော တိုင်းရင်းသားတို့၏ ဓလေ့ရိုးရာ၊ စာပေ၊ ဘာသာစကား နှင့်အခွင့်အရေးဆိုင်ရာကိစ္စရပ်များကို အထူးအလေးထားဆောင်ရွက်ပေးလျှက်ရှိကြောင်း၊ တိုင်းရင်းသားတို့၏ အရေးကိစ္စများကို ထဲထဲဝင်ဝင်ပိုမိုဆောင်ရွက်နိုင်ရန် နှစ်စဉ်ဘဏ္ဍာငွေများကို တိုးမြှင့်လျာထားပြီး ကူညီထောက်ပံ့မှု များကို ဆောင်ရွက်ပေးနေပါကြောင်း၊ တိုင်းရင်းသားပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လမ်းပန်း ဆက်သွယ်ရေးစသည့် ကဏ္ဍပေါင်းစုံကို ဖွံ့ဖြိုးသည်ထက်ဖွံ့ဖြိုးအောင်ဆောင်ရွက်လျက်ရှိပြီး တိုင်းရင်းသား ပြည်သူများ မှလည်း ပူးပေါင်းပါဝင်ဆောင်ရွက်ရန်လိုကြောင်းအဖွင့်အမှားစကားပြောကြားပြီး တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးဝင်းနိုင်က တိုင်းရင်းသားဘာသာသင်(TA/LT)ဆရာ/မများ ခန့်ထားရေးနှင့်ပတ်သက် ၍ အခြေခံပညာစာသင်ကျောင်းများတွင် တိုင်းရင်းသားဘာသာစကားသင်ကြားနိုင်ရေးကိစ္စရပ်များဆောင်ရွက်နိုင်ရန် အတွက် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနအနေဖြင့် များစွာဆောင်ရွက်ပေးနေပါကြောင်း၊ TA/LT ဆရာ/မ များခန့်ထားပေးနိုင်ရေးကိစ္စရပ်များကို ပညာရေးဝန်ကြီးဌာနနှင့်ချိတ်ဆက်၍ ဆောင်ရွက်ပေးလျှက်ရှိပြီး အသစ်ထပ်မံ ခန့်ထားပေးနိုင်ရေး ပကတိမြေပြင်အခြေအနေကိုသိရှိလို၍ ယခုကဲ့သို့လာရောက်တွေ့ဆုံရခြင်းဖြစ်ကြောင်း ပြောကြား သည်။ ထို့နောက် တွေ့ဆုံပွဲသို့တက်ရောက်လာသော ကရင်၊ မွန်၊ ရှမ်း၊ ဗမာ၊ ပအိုဝ်း တိုင်းရင်းသားစာပေနှင့်ယဉ်ကျေး မှုအဖွဲ့များမှ တိုင်းရင်းသားဘာသာစကားသင် (TA/LT)ဆရာ/မများခန့်ထားပေးနိုင်ရေးနှင့် ခန့်ထားပြီးသည့် ဆရာ/မ များ၏ တာဝန်ထမ်းဆောင်နေမှုအခြေအနေများကို ဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးနှင့်ညွှန်ကြားရေးမှူးချုပ် တို့က ကရင်ပြည်နယ်ပညာရေးမှူးရုံး ညွှန်ကြားရေးမှူး၊တာဝန်ရှိသူများနှင့်အတူ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီးဦးစန်းကိုက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပါသည်။

PREVIOUS POST